ကျားနက်ကန်သားချေ
linnlinniloveyou@gmail.com / yahoo.com/ linnlinniloveyou2@gmail.com zayyar690@gmail.com
Tuesday, 22 September 2015
ကမ်းလက် =======
ဌာနီကို အပြီးပြန်ဖို့
ပျင်ကတ်မေ သူငယ်ချင်းဝေ
စောင့်လို့ခေါ်ရေ။
သံယောဇဉ် အမျှင်တန်းနန့်
တဖက်ကမ်းက အိမ်သူ
ကျွမ်းလုလု သူ့ရင်အစုံက
အနမ်းတိအပုံပုံကို
တမ်းတယင်း နွမ်းနီရေ။
မျှော်နီသူ သက်ထား
ဝေဟင်က ငွီစန္ဒာဆင်းနန့်
လမင်းပိုင် အပြူံးကိုဆမ်းလို့
လွမ်းလို့စောင့်ယင်း။
အချိန်ကြာကေလေး
အခါမနှောင်းသိပါဝေ
လူလိမ်တိ ကျင်လည်
လူဝါတိ ကျက်စား
အတ္တတိကြီးပွားနီရေ
ဒေဝန်းကျင် ဒေအသိုက်
စွန့်ကြဲဗျာယ် နောက်ခိုင်းလို့
မွီးရပ်မြီ ဌာနီကို
လက်ချိပ်လို့ ပြန်ကတ်မေ။
မေထွီးသျှင် ( ကျိန်းရိပ်မြီ)
Monday, 13 April 2015
Sunday, 12 April 2015
Sunday, 6 July 2014
Thursday, 13 March 2014
ပုဏ္ဍားကျွန်းတွင် အိမ်တစ်လုံး မီးလောင်
(၁၃ မတ်လ ၂၀၁၄)
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့တွင် ယနေ့ နေ့လယ် ၃ နာရီက မီးလောင်မူ ဖြစ်ပွားရာ အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း သတင်း ရရှိသည်။
“ မီးလောင်တာက ပုဏ္ဍားကျွန်း စံပြရပ်ကွက်မှာ ဖြစ်ပါတယ်။ လူတွေက ၀ိုင်းပြီး အနီးအနားမှာရှိတဲ့ ကင်းချောင်း ရေနဲ့ ၀ိုင်းငြိမ်းသတ်တဲ့ အတွက် တစ်အိမ်ဘဲ ပါသွားပါတယ်။” ဟု ဒေသခံ ကိုမျိုးနိုင်က ပြောသည်။
မီးလောင်သွားသော အိမ်မှာ ပုဏ္ဍားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးကျော်ချေနှင့် ဒေါ်ချိုချို ပိုင်အိမ်ဖြစ်ကြောင်း သိရသည်။
“ မိဘတွေက အပြင်မှာ အလုပ်သွားလုပ်နေချိန်မှာ ကလေး ၄ ဦးကျန်နေခဲ့တယ်။ အဲဒီကလေးတွေက မီးနဲ့ ချော့ကစားရာကနေ စလောင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အနီးအနားက လူတွေ ၀ိုင်းဝန်းငြိမ်းသတ်တော့ နောက်မီးငြိမ်းသွားပါတယ်” ဟု ဆက်ဆိုသည်။
အနီးအနားမှ လူများ ကယ်တင်မူကြောင့် ကလေး (၄) ဦးစလုံးမှာ ထိခိုက်မူ တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။ နိရဉ္စရာ-

Subscribe to:
Posts (Atom)