လင်း လင်း

Tuesday, 22 September 2015

"မဟာမုနိ ပူဇေမိ"


ကမ်းလက် =======



ဌာနီကို အပြီးပြန်ဖို့
ပျင်ကတ်မေ သူငယ်ချင်းဝေ
စောင့်လို့ခေါ်ရေ။

သံယောဇဉ် အမျှင်တန်းနန့်
တဖက်ကမ်းက အိမ်သူ
ကျွမ်းလုလု သူ့ရင်အစုံက
အနမ်းတိအပုံပုံကို
တမ်းတယင်း နွမ်းနီရေ။

မျှော်နီသူ သက်ထား
ဝေဟင်က ငွီစန္ဒာဆင်းနန့်
လမင်းပိုင် အပြူံးကိုဆမ်းလို့
လွမ်းလို့စောင့်ယင်း။

အချိန်ကြာကေလေး
အခါမနှောင်းသိပါဝေ
လူလိမ်တိ ကျင်လည်
လူဝါတိ ကျက်စား
အတ္တတိကြီးပွားနီရေ
ဒေဝန်းကျင် ဒေအသိုက်
စွန့်ကြဲဗျာယ် နောက်ခိုင်းလို့
မွီးရပ်မြီ ဌာနီကို
လက်ချိပ်လို့ ပြန်ကတ်မေ။

မေထွီးသျှင် ( ကျိန်းရိပ်မြီ)